With the right seeds, the right soil, and the right inputs, plants will not only thrive but also yield a bountiful harvest.
မျိုးမှန်၊ မြေမှန်ပြီး ဆေးမှန်ရင် အပင်သန်ရုံမက အသီးအပွင့်လှိုင်ပါမည်
Bio-based Products ဇီဝဆေးများ
Continuous follow-up သီးနှံရာသီတလျှောက်လုံးအတွက် လိုအပ်သည်များကို ကွင်းဆင်းအကြံဥာဏ်ပေးသည်
Long-lasting and multiplying effect. အချိန်ကြာလာလေလေ အကျိုးပိုရှိလေလေ
Bio-Amino (Fish Amino Acid)
1 Liter ၁ လီတာ(1) Promotes efficient photosynthesis and accelerates robust plant growth. (2) Making products highly resilient to damage during transport and handling. (3) Effectively rehabilitates crops suffering from chemical burns, incorrect pesticide applications, and extreme weather stress. (4) Actively restores and rejuvenates soil fertility. (၁) အစာချက်အားကောင်းပြီး အပင်ကြီးထွားစေခြင်း၊ (၂) သီးနှံသယ်ယူရာတွင် အကြမ်းခံခြင်း၊ (၃) ဆေးမှားဖျန်းမိခြင်း၊ ဆေးလောင်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်းများကို ပြန်လည်ကုစားနိုင်ခြင်း (၄) မြေဆီဩဇာ ပြန်လည်ထက်သန်စေသည်။
Bio-Bacillus
1 Liter ၁ လီတာ(1) It can prevent and treat bacterial diseases such as bacterial wilt, root rot, tuber rot, fruit rot, and scab. (2) It can be used as a seed treatment. (3) It promotes cell division and root development. (4) It enhances the plant's immune system (resistance). (5) It improves crop quality. (၁) ဘက်တီးရီးယားကြောင့်ဖြစ်သော ပင်ညှိုးပင်သေ၊ အမြစ်ပုပ်၊ ဥပုပ်၊ အသီးပုပ်နှင့် အကြေးဖတ်ရောဂါများကို ကာကွယ်ကုသနိုင်သည်။ (၂) မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြုနိုင်သည်။ (၃) ဆဲလ်ကွဲပွားမှု၊ အမြစ်ပွားများမှုကို အားပေးသည်။ (၄) အပင်၏ခုခံအားစနစ်ကို မြှင့်တင်ပေးသည်။ (၅) သီးနှံအရည်အသွေး တက်စေသည်။
Bio-Calcium
1 Liter ၁ လီတာ"Strong Plants, High Yield with Calcium" Strengthens plant structure and enhances nutrient absorption. Improves resistance to pests, diseases, and adverse weather conditions. Not only boosts flowering and fruit setting but also ensures full grains and increases overall yield. "အသီးတင် အပင်သန် ကယ်လဆီယမ်" အပင်တောင့်တင်းခိုင်မာပြီး အာဟာရစုပ်ယူအားကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ်နှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်း၊ အပွင့်အသီးတင်အားကောင်းရုံမက အစေ့အဆန်ပြည့်ပြီး အထွက်နှုန်းတိုးစေပါသည်။
Bio-Fulvic
1 Liter ၁ လီတာ(1) Ensures most effective absorption and utilization of primary plant nutrients and micronutrients (Iron, Zinc, Manganese). (2) Increases resistance and tolerance to drought and salinity. (3) Promotes root development and stimulates lush, vibrant shoot growth. (4) Enhances overall plant health, vigor, and crop yield. (၁) အပင်အတွက် အဓိကအစာအာဟာရနှင့် အနည်းလိုဓာတ်များ (သံ၊ သွပ်၊ မန်ဂနိ) ကို အပြည့်အဝဆုံးနှင့် အထိရောက်ဆုံး စုပ်ယူစားသုံးနိုင်စေခြင်း (၂) ရေငတ်ဒဏ်၊ ဆားငံဒဏ်တို့ကို ခံနိုင်ရည်ပိုရှိစေခြင်း (၃) အမြစ်ဖွံ့ဖြိုးစေသည်၊ အညွန့်ဝေဆာစေခြင်း (၄) အပင်ကျန်းမာသန်စွမ်းပြီး အထွက်တိုးစေသည်
Bio-Herbal
1 Liter ၁ လီတာInterferes with the neurological functions of insects. The strong scent and pungent properties force pests to flee. Prevents pests from breeding and multiplying. Reduces the pests' desire to feed, effectively stopping further damage to the plants. ဖျက်ပိုးများ၏ အာရုံကြောစနစ်ကို ထိခိုက်စေခြင်း၊ မွှန်ခြင်းစပ်ခြင်းကြောင့် ပိုးပြေးစေခြင်း ပိုးမွှား မျိုးမပွားအောင် ဟန့်တားပေးခြင်း ဖျက်ပိုးများ အစာစားချင်စိတ်လျော့ကျစေခြင်းဖြင့် အပင်ကိုဆက်လက်မဖျက်ဆီးအောင် တားဆီးပေးသည်။
Bio Kaung
5 Liter ၅ လီတာGrow Fast, Grow Strong with Bio-Kaung Promotes strong root development and plant vigor. Enhances branching for abundant flowering and fruiting. Improves drought resistance. Rejuvenates and improves soil quality. Significantly reduces the need for Urea fertilizer ကြီးမြန်၊ ပင်ကောင်း ဘိုင်အိုကောင်း အမြစ်ဆင်းအားကောင်းပြီး အပင်သန်မာ၊ အကိုင်းအခက်ဖြာပြီး အသီးအပွင့်ဝေဆာ၊ ရေငတ်ဒဏ် ခံနိုင်ရည်ပိုရှိ၊ မြေဆီလွှာကို ပြန်လည်ပြုပြင်ပေး၊ ပုလဲဓာတ်မြေဩဇာအသုံးပြုရမှုကို များစွာလျှော့ချပေးနိုင်သည်။
Bio-Tricho (Trichoderma spp.)
100 Gram ၁၀၀ ဂရမ်(1) Provides highly effective protection against fungal diseases, including bacterial/fungal wilt, leaf blight, leaf spot, root rot, stem rot, and tuber rot. (2) Speeds up the composting process of organic matter into humus, helping plants absorb nutrients more efficiently. (3) Enhances the plant's natural immune system and disease resistance. (၁) မှိုကြောင့်ဖြစ်သော ပင်ညှိုး၊ ရွက်ခြောက် / ရွက်ပြောက်၊ အမြစ်ပုပ်၊ ပင်စည်ပုပ်၊ ဥပုပ်၊ ရောဂါများကို ထိထိရောက်ရောက် ကာကွယ်ပေးခြင်း၊ (၂) မြေဆွေးအဖြစ်မြန်စေပြီး အပင်က အာဟာရကောင်းစွာစုပ်ယူနိုင်ရန် ကူညီခြင်း၊ (၃) အပင်၏ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည်
Effective Microorganisms
1 Liter ၁ လီတာEnhances nutrient absorption. Provides resistance against fungal and bacterial diseases. Improves crop quality. Enriches soil fertility with long-term use. Increases resilience to harsh weather conditions. အာဟာရစုပ်ယူမှု အားကောင်းစေခြင်း မှိုနှင့်ဘက်တီးရီးယားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း သီးနှံအရည်အသွေး ကောင်းမွန်စေခြင်း ရေရှည်သုံးပါက မြေဆီထက်သန်စေခြင်း ရာသီကြမ်းဒဏ် ပိုခံနိုင်ရည်ရှိသည်။
Gypsum
25 Kilograms ၂၅ ကီလိုဂရမ်(1) Improves soil structure (2) Balances soil pH (soil acidity/alkalinity) (3) Enhances plant nutrient uptake (4) Increases crop yield and improves marketability. (၁) မြေဆီလွှာဖွဲ့စည်းမှုကောင်းစေခြင်း (၂) မြေချဉ်ငံဓာတ် (pH) မျှတစေခြင်း (၃) အပင်အစာအာဟာရစုပ်ယူမှုကောင်းစေခြင်း (၄) သီးနှံအထွက်တိုးပြီး ရောင်းပန်းလှမည်
Organic Fertilizer
35 Kg ၃၅ ကီလိုဂရမ်Main Ingredients & Benefits Specially formulated with natural ingredients for disease prevention and yield maximization. Prevents fungal/bacterial wilt, root rot, and damping-off disease. Strengthens roots and enhances plant photosynthesis. Improves crop quality. Builds strong resilience against pests. အဓိကပါဝင်ပစ္စည်းနှင့် အကျိုးအာနိသင် ရောဂါကာကွယ်ရေးနှင့် အထွက်တိုးရေးအတွက် သဘာဝပစ္စည်းများဖြင့် အထူးရည်ရွယ်ထုတ်လုပ်ထားပါသည်။ ပင်ညှိုးပင်သေ၊ မြစ်ပုပ်၊ ခါးရိရောဂါ ကာကွယ်ပေးသည် အမြစ်အားကောင်းစေသည်၊ အပင်အစာချက်လုပ်မှုကောင်းစေသည် သီးနှံအရည်အသွေးကို မြှင့်တင်ပေးသည် ပိုးမွှားဒဏ် ကြံ့ကြံ့ခံနိုင်ရည်ရှိစေသည်
Rice Husk Vinegar
1 Liter ၁ လီတာ(1) Repels pests due to its pungent odor. (2) Protects against leaf spot and root rot diseases. (3) Promotes the growth of beneficial microorganisms in the soil. (4) Enhances nutrient uptake through the roots, resulting in strong and vigorous plant growth. (၁)စူးရှသည့်အနံ့ကြောင့် ပိုးပြေးစေခြင်း၊ (၂) ရွက်ပြောက်နှင့်မြစ်ပုပ်ရောဂါမှ ကာကွယ်ပေးခြင်း၊ (၃) မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝ ပွားများစေခြင်း၊ (၄) အမြစ်မှ အာဟာရစုပ်ယူမှုကောင်းပြီး အပင်သန်စွမ်းစေသည်
Spreader-sticker
1 Liter ၁ လီတာ(1) Ensures thorough systemic distribution throughout the entire plant. (2) Helps retain moisture within the plant. (3) Increases the adhesion and longevity on the plant surface. (4) Highly effective and beneficial for use during the rainy season (၁) တစ်ပင်လုံးသို့ ဆေးပျံ့နှံ့စေခြင်း (၂) အပင်ကို အစိုဓာတ်ထိန်းပေးခြင်း (၃) အပင်တွင် ဆေးအချိန်ကြာကြာ စွဲကပ်စေခြင်း (၄) မိုးရာသီအတွက် အလွန်အသုံးဝင်သည်
Expert tips and stories from our Doe Kyay Latt sustainable agriculture experts. Doe Kyay Latt ရေရှည်တည်တံ့သောလယ်ယာ ကျွမ်းကျင်သူများ၏ အကြံပြုချက်များနှင့် ဇာတ်လမ်းများ